ဝမ်းတွင်းမြို့နယ်အတွင်းရှိ တောင်သူများအနေဖြင့် မြေပဲဖော်ချိန်တွင် မြေပဲများစျေးကောင်းရ

ဝမ်းတွင်း  ၂၁  နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ဝမ်းတွင်းမြို့နယ်၊ ကွင်းအမှတ်(၁၄၇၁)ရှိ မြေပဲစိုက်တောင်သူများ အနေဖြင့် မြေပဲများဖော်ချိန်တွင် မြေပဲများအထွက်ကောင်းကာ ဈေးကောင်းရ၍ အဆင်ပြေ လျှက်ရှိကြောင်း သိရသည်။

“မြေပဲစိုက်တောင်သူ ဦးကျော်ငြိမ်းမှ ပြောပြရာတွင် ယခုနှစ်က မိုးဦးမကောင်းဖူး၊ မိုးလည် လောက်ရရှိတဲ့မိုးရေနဲ့ မြေပဲများစိုက်ခဲ့ရတာ၊ ဝမ်းတွင်းမြို့နယ်က အပူပိုင်းဒေသဆိုတော့မိုးဆို တာပုံမှန်ရွာလေ့မရှိဖူး၊ နောက်ပိုင်းကာလတွေမိုးရလာလို့ အတော်အဆင်ပြေသွားတာ၊ ဒီဘက် ဒေသတွေက မိုးကောင်းသောက်တွေဖြစ်တာဆိုတော့ အရဲစွန့်ပြီးစိုက်ရတာပေါ့၊ အခုမြေပဲတွေကို ဝါခေါင်လဆုတ်(၁၂)ရက်နေ့မှ စိုက်ပျိုးခဲ့ပြီး တန်ဆောင်မုန်းလဆုတ်(၁၀)ရက်နေ့ ဖော်လိုက် တာပါ ရက်ပေါင်း(၈၀)ကျော်သာရှိပြီး နောက်မိုးကောင်းတော့ အထွက်ကောင်းတယ်၊  မြေပဲဉ တွေလှတယ်၊ တစ်ဧကတင်း(၇၀) တော့ထွက်တယ်၊ ဒီနှစ်ကတော့ မြေပဲတွေ အထွက်ကောင်းသလို စျေးကောင်းလဲရတော့ တောင်သူတွေအနေနဲ့အဆင်ပြေတာပေါ့”ဟု ပြောပြသည်။

ဝမ်းတွင်းမြို့နယ်အတွင်းရှိ မြေပဲစိုက်တောင်သူများအနေဖြင့် မြေပဲဖော်ချိန်တွင် လူငှါးများ ဖြင့်မြေပဲများဖော်ရကြောင်း၊ လုပ်အားခအဖြစ် မြေပဲဆွတ်သူတစ်ဦးကို တစ်တင်းရလျှင် မြေပဲ(၃) ပြည်ပေးရပြီး၊ မြေပဲသဲ့သူတစ်ယောက်အနေဖြင့် တစ်နေ့တာအတွက် မြေပဲတစ်ခွဲပေးရကြောင်း၊ ယခုနှစ်တွင်မြေပဲများ အထွက်ကောင်းသလို၊ စျေးကောင်းလဲရသောကြောင့် နှစ်ဦးနှစ်ဖက် အဆင်ပြေလျှက်ရှိကြောင်း သိရသည်။

ဌေးလှိုင်(ဝမ်းတွင်း)

 

fher