ရန်ကုန်   ၂၁   နိုဝင်ဘာ         

 

မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဂုဏ်ထူးဆောင်နာယက၊ အာရှမြားပစ်အဖွဲ့ချုပ်ကောင်စီဝင် ၊ အရှေ့         တောင်အာရှ မြားပစ်အဖွဲ့ချုပ် ရာသက်ပန်ဂုဏ်ထူးဆောင်ဥက္ကဌ ဇေကမ္ဘာကုမ္ပဏီ ဥက္ကဋ္ဌဒေါက်တာ ခင်ရွှေ၊ မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇေသီဟနှင့် မြန်မာနိုင်ငံမြားပစ်အဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးတို့သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပပြုလုပ်မည့် အာရှမြားပစ်အဖွဲ့ချုပ် ကောင်စီအစည်းအဝေးနှင့် အာရှမြားပစ် အဖွဲ့ချုပ် ကွန်ကရက် သို့ တက်ရောက်ရန်နှင့် နိုဝင်ဘာလ(၂၁) ရက်နေ့မှ နိုဝင်ဘာလ (၂၉)ရက်နေ့ အထိ ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ကျင်းပပြုလုပ်မည့် Asian Archery  Championships and CQT 2020 Tokyo  Olympic မြားပစ်ပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်မည့် နည်းပြအဖြစ် ရဲမှူး သီသီဝင်း၊ အားကစားသမားများအဖြစ် စိုင်းခွန်းဆက်နှင့် စန္ဒာဦးတို့ ပါဝင်ယှဉ်ပြိုင်ကြမည့် မြန်မာ မြားပစ်အသင်းအား အားပေး ကြည့်ရှုရန် ယမန်နေ့ ည (၇)နာရီခွဲ အချိန်တွင် ဘန်ကောက်မြို့သို့ ထွက်ခွာသွားရာ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူး များက ပို့ဆောင် နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။

 

MDN