နေပြည်တော် ၂၁ နိုဝင်ဘာ
ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်လှထွန်းသည် ထိုင်းသတင်း မီဒီယာကောင်စီ (National Press Council of Thailand-NPCT) ဥက္ကဋ္ဌ Mr. Chavarong Limpattamapanee ဦးဆောင်သောအဖွဲ့အား ယနေ့နံနက်(၁၀)နာရီတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် လက်ရှိမြန်မာ့မီဒီယာကဏ္ဍတွင် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ၊ ခေတ်ရေစီးကြောင်းနှင့် နည်းပညာတိုးတက်လာမှုအရ တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် ပြောင်းလဲလာသည့် မီဒီယာအခင်းအကျင်း၊ စာနယ်ဇင်းသမားများ၏ ကျွမ်းကျင်မှုနှင့် ကျင့်ဝတ်ပိုင်းဆိုင်ရာ ကိစ္စရပ်များတွင် သင်တန်းများပို့ချပေးနိုင်ရေး ပူးပေါင်းဆောင်ရွက်ရန်နှင့် ထိုင်းနိုင်ငံရှိ မီဒီယာကဏ္ဍအခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။
(သတင်းစဉ်)


