ထန်းတပင် ၂၂ နိုဝင်ဘာ
ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်၌ လူကုန်ကူးမှုဆိုင်ရာအသိပညာများကို ရပ်ကွက်နေ ပြည်သူများအတွင်း စိမ့်ဝင်ပျံ့နှံ့စေရေးနှင့် လူကုန်ကူးမှုအန္တရာယ်များ မဖြစ်ပေါ်စေရေးတို့အတွက် နိုဝင်ဘာလ(၂၁)ရက်နေ့၊ ညပိုင်းအချိန်က လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေး ဟောပြောပွဲကို အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။
အသိပညာပေးဟောပြောပွဲတွင် အမှတ်(၂)ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးသောင်းလွင်က ရပ်ကွက်အတွင်း လူကုန်ကူးမှုများ မဖြစ်ပေါ်စေရေးအတွက် အားလုံးဝိုင်းဝန်းကာ တားဆီးကာကွယ်ပေးကြရန် လိုအပ်ပါကြောင်းနှင့် ကလေးသူငယ်များ၊ အမျိုးသမီးများ လူကုန်ကူးမှုမခံစေရေးတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး ထန်းတပင်မြို့မရဲစခန်း ရဲအုပ်တင်ထွန်းက လူမှောင်ခိုကူးခြင်းခံရနိုင်သည့် အခြေအနေများ၊ ဖြစ်စဉ်များအကြောင်းနှင့် ပြစ်မှု၊ ပြစ်ဒဏ်များကို အသိပညာပေး ဟောပြောခဲ့သည်။
ဟောပြောပွဲသို့ ရပ်ကွက်မိခင်နှင့် ကလေးစောင့်ရှောက်ရေး အသင်းအဖွဲ့ဝင်များနှင့် ရပ်ကွက်နေ ပြည်သူ (၃၅) ဦးတို့ တက်ရောက်ခဲ့ကြသည်။
ဇင်မင်းထိုက် (ထန်းတပင် ပြန်/ဆက်)


