ဂန့်ဂေါ ၂၂ နိုဝင်ဘာ

 

ဂန့်ဂေါမြို့နယ်၊ ရှုံးရှီကျေးရွာ၊ သာသနာ့ဇောတိကမုခ်ဦးကျောင်းတိုက် ပဓာနနာယက ဆရာတော်ဘုရားကြီးရဲ့ ဝိဇာတမင်္ဂလာပွဲတွင် ပိုက်ကျော်ခြင်းခတ် အားကစားပြိုင်ပွဲ ထည့်သွင်းကျင်းပရာ ယမန်နေ့ မွန်းလွဲ ၃ နာရီက ခြင်းခတ်အားကစား ဆုချီးမြှင့်ပွဲကျင်းပသည်။

 

ထိုဖိတ်ခေါ်အားကစားပြိုင်ပွဲတွင် အားကစားအသင်းပေါင်း ၁၂ သင်း ပါဝင်ယှဉ်ပြိုင်ကြ၍ ယမန်နေ့ နံနက် ၈ နာရီမှ စတင်ယှဉ်ပြိုင်ရာ မွန်းလွဲ ၃ နာရီတွင် ပြိုင်ပွဲပြီးဆုံး၍  ဆုရအသင်းများအား ဆရာတော်ကိုယ်တိုင် ဆုများချီးမြှင့်သည်။

 

"ဆရာတော်ကြီးရဲ့မွေးနေ့မှာ ဒီလိုမျိုးအားကစားပြိုင်ပွဲကျင်းပပေးတာ ဝမ်းသာပါတယ်။ လူငယ်တွေ အားကစားကို ချစ်မြတ်နိုးမှ ကျန်းမာရေးတွေကောင်းမယ်၊ မူးယစ်သောက်စား ကင်းရှင်းမယ်၊ ဆရာတော်ကြီးရဲ့ မွေးနေ့ပွဲမှာ ယှဉ်ပြိုင်ကစားတဲ့ ကစားသမားများမှ တိုင်းနဲ့ပြည်နယ်၊ နိုင်ငံ့ဂုဏ်ဆောင်နိုင်တဲ့ အားကစားသမားတ ွေပေါ်ထွန်းနိုင်ဖို့ မျှော်မှန်းထားကြောင်း၊ ဒီနှစ်မှာတော့ ဦးညာဏိက (ယောမြေ)က ဒုတိယဆုရအသင်းကို (၂)သောင်းကျပ်နှင့် ဦးက္ကိန္ဒာဝုဓ(ထိုင်းနိုင်ငံ)ဆရာတော်က ပထမဆုရအသင်းကို (၃)သောင်းကျပ် ထပ်တိုးချီးမြှင့်ကြောင်း" ရှုံးရှီကျေးရွာ အားကစားကော်မတီ ဥက္ကဋ္ဌမှ ပြောကြားသည်။

 

ဗိုလ်လုပွဲစဉ်အဖြစ် ကိုဩဘာ(ကျောတိုက်)အသင်းနှင့် ကိုစိုးမင်းထွန်း(အနောက်ဂန့်ဂေါ) အသင်း တို့ ယှဉ်ပြိုင်ကစားကြရာ ဩဘာအသင်းက ကိုစိုးမင်းထွန်းအသင်းကို သုံးပွဲပြတ်ဖြင့် အနိုင်ကစားခဲ့ပြီး ဆရာတော်ဘဒ္ဒန္တ တေဇဝန္တကပထမရရှိတဲ့ ဩဘာအသင်းကို ဆုတော်ငွေကျပ် ၁ သိန်း ၈ သောင်းကျပ်နှင့် ဒုတိယရရှိသည့် ကိုစိုးမင်းထွန်းအသင်းကို ဆုတော်ငွေကျပ် ၁ သိန်း ၂ သောင်းကျပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။

 

ထင်အောင်နိုင် (ပြန်ဆက်)