နေပြည်တော် ၂၂ နိုဝင်ဘာ
အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းသည် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန် နိုင်ငံ သံအမတ်ကြီး မစ္စတာ တင်မ် အန်ဒါလင်အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ အမျိုးသားလွှတ်တော် ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံသည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာ-ဆွစ်ဇာလန် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုတိုးမြှင့်ရေးနှင့် ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာကိစ္စ၊ ရွေးကောက်ပွဲဆိုင်ရာကိစ္စ၊ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ဒီမိုကရေစီလုပ်ငန်းစဉ်များတွင် ကူညီပံ့ပိုးပေးမှုများ နှင့်စပ်လျဉ်း၍ ရင်းနှီးပွင့်လင်းစွာဆွေးနွေးခဲ့ကြသည်။
တွေ့ဆုံပွဲသို့ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးအေးသာအောင်နှင့် အမျိုးသား လွှတ်တော်ရုံးမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
(သတင်းစဉ်)


