နေပြည်တော် ၂၃ နိုဝင်ဘာ
အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်သည် တရုတ်ပြည်သူ့သမ္မတ နိုင်ငံ ယူနန်ပြည်နယ် ဒုတိယပြည်နယ်အုပ်ချုပ်ရေးမှူး မစ္စတာကျန်းဂိုဟွာနှင့်အဖွဲ့အား ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံနှင့် ယူနန်ပြည်နယ်တို့အကြား စီးပွားရေး၊ ကူးသန်းရောင်းဝယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍ၊ လယ်ယာစိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် နယ်စပ်ဂိတ်များမြှင့်တင်ရေးအပါအဝင် ကဏ္ဍမျိုးစုံတွင် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စများအပေါ် အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြသည်။
သတင်းစဉ်


