ရွာသစ် ၂၃ နိုဝင်ဘာ
ကယားပြည်နယ်၊ ရွာသစ်မြို့တွင် ၂၀၁၉ ခုနှစ် လူထုစုပေါင်းလမ်းလျှောက်ပွဲ(ပထမပတ်)ကို နိုဝင်ဘာလ ၂၃ ရက် နံနက် ၅ နာရီခွဲ အချိန်က စတင်ကျင်းပသည်။
လူထုလမ်းလျှောက်ပွဲကို တောင်ပိုင်းရပ်ကွက် အုပ်ချုပ်ရေးမှူးနေအိမ် လမ်းဆုံတွင် စုစည်း၍ လမ်းဆုံမှတေဇလမ်း၊ ရန်ကင်းလမ်း၊ ဇေယျလမ်းအတိုင်းအခြေခံပညာအထက်တန်းကျောင်း အားကစားကွင်း၌ ပြန်လည်စုစည်းပြီး ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး သွေးပူလေ့ကျင့်ခန်း ဆောင်ရွက်ခြင်း၊ လမ်းလျှောက်သူများအား ဧည့်ခံကျွေးမွေးခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ပွဲတွင် မြို့အုပ်ချုပ်ရေးမှူး ဦးလူဇော်သန့်နှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများအုပ်ချုပ်ရေးမှူးများ၊ ဆရာ/ဆရာမများ၊ ကျောင်းသားကျောင်းသူများ၊ အားကစားဝါသနာရှင်များ စုစုပေါင်းအင်အား(၇၀)ဦးခန့် တပျော်တပါး စုပေါင်းလမ်းလျှောက်ခဲ့ကြကြောင်း သိရသည်။
နန်းဆွေဆွေအေး (ပြန်/ဆက်)


