ရန်ကုန် ၂၃ နိုဝင်ဘာ
ရန်ကုန်-နေပြည်တော် အမြန်လမ်းမကြီး၊ မိုင်တိုင်အမှတ်(၁၈၄/၇)နှင့် (၁၈၅/ဝ)ကြားတွင် ယနေ့ နံနက် ၈ နာရီ မိနစ် ၄၀ က ရန်ကုန်မှ နေပြည်တော်သို့ မောင်းနှင်လာသော Toyota Fielder အမျိုးအစား(အဖြူရောင်)ယာဉ်သည် ယာဉ်မောင်းအိပ်ငိုက်ပြီး လမ်းလယ်ကျွန်းသို့ကျော်ကာ တစ်ဘက်ယာဉ်ကြောတွင် နေပြည်တော်မှ ရန်ကုန်သို့ မောင်းနှင်လာသော DURAMAX အမျိုးအစား (အဖြူရောင်)အား ဝင်ရောက်တိုက်မိမှုဖြစ်ပွားကြောင်း သိရသည်။
သတင်းရရှိသဖြင့် သာဂရအမြန်လမ်းမီးသတ်စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များ၊ သာဂရအမြန်လမ်းမကြီး ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ သွားရောက်ကူညီဆောင်ရွက်ခဲ့ပြီး Toyota Fielder ယာဉ်ပေါ်ပါ အမျိုးသား ငါးဉီး၊ အမျိုးသမီး လေးဉီး စုစုပေါင်း(၉)ဦးအနက် အမျိုးသားတစ်ဉီး၊ အမျိုးသမီး သုံးဉီး ထိခိုက်ဒဏ်ရာ(မစိုးရိမ်ရ)၊ အမျိုးသား တစ်ဉီး (စိုးရိမ်ရ)နှင့် DURAMAX ယာဉ်ပေါ်ပါ အမျိုးသား သုံးဉီး၊ အမျိုးသမီး တစ်ဉီး စုစုပေါင်း (၄)ဦးအနက် ထိခိုက်ဒဏ်ရာ အမျိုးသမီးတစ်ဦး(မစိုးရိမ်ရ)တို့အား နေပြည်တော် ကုတင် (၁၀ဝ၀)ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဉီးစီးဌာနမှ သိရသည်။
MDN
Photo-Myanmar Fire Service


