ဇီးကုန်း  ၂၃ နိုဝင်ဘာ

 

ယနေ့ခေတ်တွင်  ဆေးယဉ်ပါးမှုအန္တရာယ်ကို အဓိကရင်ဆိုင်နေရသောကြောင့် လူနှင့်တိရစ္ဆာန်တို့တွင် ကုသသည့်ဆေးများတွင် ဆေးအာနိသင် အချိန်ကြာမြင့်စွာ မသက်ရောက်သဖြင့် ကမ္ဘာ့ပဋိဇီဝဆေး အသိပညာပေးရေး ရက်သတ္တပတ် အထိမ်းအမှတ်ဖြင့် ပဲခူးတိုင်းဒေသကြီး ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ပဋိဇီဝဆေးများ ယဉ်ပါးမှုအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောခြင်းကို  ယနေ့နံနက် ၉ နာရီက အမှတ်(၅)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့သည်။

 

ရှေးဦးစွာ သာယာဝတီခရိုင် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန ဦးစီးမှူး ဒေါက်တာ မျိုးယုသိမ်းနှင့် ဇီးကုန်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသက်မိုးတို့က အဖွင့်အမှာစကားများ ပြောကြားခဲ့ကြပြီး၊ ဇီးကုန်းမြို့နယ် မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာဇော်မင်းဦးနှင့် မြို့နယ်တိုင်းရင်းဆေးဦးစီးမှူး ဦးအောင်ညိုတို့က ပဋိဇီဝဆေးဝါးများကို အလွန်အကျွံ မသုံးစွဲရန်နှင့် ဆေးယဉ်ပါးမှုအန္တရာယ် အကြောင်းကို အသိပညာပေး ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

           

တင့်ဆွေ(ဇီးကုန်း)

 

IMG_2019