mdn

ရန်ကုန် ၂၃ နိုဝင်ဘာ

 

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များကောင်စီ (၁/၂၀၁၉) အစည်းအဝေးကို ယနေ့နံနက် ၁ဝ တွင် ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း)ရှိ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)၌ ကျင်းပသည်။

 

အဆိုပါအစည်းအဝေးသို့ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များ ကောင်စီဝင်များ တက်ရောက်ကြပြီး အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက အဖွင့်အမှာစကား ပြောကြားသည်။

 

ယင်းနောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်) ပါမောက္ခချုပ်က အမှာစာ(၇)စောင်နှင့် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး) ပါမောက္ခချုပ်က အမှာစာ(၇)စောင်တို့ကို တင်ပြခဲ့ကြပြီး အဆိုပါတင်ပြစာများအပေါ် တက်ရောက်လာသော အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များကောင်စီဝင်များ   ကဆွေးနွေးခဲ့ကြသည်။

 

ထို့နောက် အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်များကောင်စီ ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီး ဦးကြည်မင်းက နိဂုံးချုပ်စကားပြောကြားခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်