mdn

ရန်ကုန် ၂၃ နိုဝင်ဘာ

 

မန္တလေးသိန်းဇော် (K ဇော်) ၏ အများသုံးအိပ်မက် ကဗျာစာအုပ်နှင့် ကြယ်တွေရဲ့ပင်စည် ကဗျာစာအုပ်သစ်များ မိတ်ဆက်ခြင်းနှင့် ကောင်းကင်နှစ်ထပ် ကဗျာရွတ်ပွဲကို ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သိမ်ဖြူလမ်း ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း(ရုံးချုပ်) ရွှေဥဒေါင်းခန်းမ၌ ကျင်းပသည်။

 

အခမ်းအနားကို တေးဂီတဖျော်ဖြေမှုဖြင့် စတင်ပြီး ကဗျာစာအုပ် မိတ်ဆက်ပွဲတွင် ကဗျာဆရာသစ္စာနီက အဖွင့်မုဒိတာစကား ပြောကြားသည်။

 

ယင်းနောက် မန္တလေးသိန်းဇော် (K ဇော်)က ကဗျာရွတ်ပွဲကျင်းပရခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး ဘာသာပြန်ဆရာ ဒေါက်တာဇော်ထွန်းက အမှတ်တရစကား ပြောကြားသည်။

 

ထို့နောက် မန္တလေးသိန်းဇော် (K ဇော်) က “အများသုံးအိပ်မက်” စာအုပ်နှင့် “ကြယ်တွေရဲ့ပင်စည်” စာအုပ်တစ်ရာကို ကဗျာဆရာသမဂ္ဂသို့ ပေးအပ်လှူဒါန်းသည်။

 

ယင်းနောက် ကဗျာစာအုပ်မျက်နှာဖုံး သရုပ်ဖော်ပန်းချီဆရာ ဦးဆန်နီညိမ်းက အမှတ်တရစကား ပြောကြားသည်။

 

ဆက်လက်၍ ကောင်းကင်နှစ်ထပ် ကဗျာရွတ်ပွဲကို ကျင်းပရာ တက်ရောက်လာသည့် ကဗျာဆရာများက ကဗျာရွတ်ဆိုကြသည်။

 

သတင်းစဉ်