ဘားအံ  ၂၄  နိုဝင်ဘာ

၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ကလေးငယ်များနေ့ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက ကရင်ပြည်နယ် ဘားအံမြို့ ဇွဲကပင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

 

9780

 

အခမ်းအနားတွင် ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်က အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ၂၀၁၉ ခုနှစ်၊ ကမ္ဘာ့ကလေးငယ်များနေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲများ ယှဉ်ပြိုင်ခဲ့ကြရာ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၊ မူလတန်းအဆင့် စာစီစာကုံးပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆုရရှိသော ကျောင်းသား ကျောင်းသူများအား ပြည်နယ်လူမှုရေးဝန်ကြီး ဦးဘိုဘိုဝေမောင်၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးစောလှထွန်း၊ ပြည်နယ်ဥပဒေချုပ် ဦးစောချစ်မြင့်လေးတို့က ဂုဏ်ပြုဆုများ  ချီးမြှင့်ပေးခဲ့သည်။

 

9785

 

အခမ်းအနားတွင် ဘားအံမြို့ပေါ် ကိုယ့်အားကိုယ်ကို မူလတန်းကြိုကျောင်းများမှ မူကြိုကလေးငယ်လေးများက သရုပ်ဖော် အကများဖြင့် ဖျော်ဖြေပေးခဲ့ပြီး တာဝန်ရှိသူများက လက်ဆောင်ပစ္စည်းများ ပေးအပ်ပေးခဲ့သည်။

နေမျိုးလွင်(ပြန်/ဆက်)

 

9795