ရန်ကုန် ၂၄ နိုဝင်ဘာ 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာ၊ အခြေခံပညာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင် စီမံခန့်ခွဲမှုကော်မတီတို့ ပူးပေါင်းစီစဉ်ကျင်းပသော ကလေးစာပေပွဲတော် စာအုပ်စာပေပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲကို နိုဝင်ဘာ ၂၃၊ ၂၄ ရက်နေ့များတွင် ရန်ကုန်အရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်းမြို့နယ်၊ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြောက်စွာကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီမှစ၍ ဖျော်ဖြေရေးပွဲများ၊ ကျောင်းပေါင်းစုံမှ ပြခန်းများ၊ စာအုပ်ဆိုင်များ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြောပြိုင်ပွဲ၊ စက္ကူခေါက်ပြိုင်ပွဲ၊ ကလေးစာပေပြခန်းများ၊ ကျပန်းစကားပြောပြိုင်ပွဲ၊ အရုပ်ဆက်ပြိုင်ပွဲ၊ ပူပေါင်းဖောက်ပြိုင်ပွဲ၊ မုန့်စားပြိုင်ပွဲ၊ ခုံဖိနပ်စီးပြိုင်ပွဲ၊ ခါးလှည့်ကွင်းပြိုင်ပွဲ၊ ခွက်နင်းပြိုင်ပွဲများဖြင့် စည်ကားလျက်ရှိကြောင်း သိရသည်။

 

2659

 

ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဌာနမှ ကလေးများ အသိပညာဗဟုသုတများ တိုးပွားလာစေရန်၊ စာအုပ်စာပေများနှင့် ရင်းနှီးကျွမ်းဝင်စေရန်၊ စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန်၊ ကျန်းမာသွက်လက် ဉာဏ်ထက်မြတ်သော ကလေးများဖြစ်စေရန် ကလေးစာပေပွဲတော်များကို နိုင်ငံတော်အဆင့်၊ တိုင်းဒေသကြီး / ပြည်နယ်အဆင့်၊ ခရိုင်အဆင့်အနေဖြင့် ကျင်းပပေးလျက်ရှိရာ ဒီဇင်ဘာ ၃၊ ၄ ရက်များတွင်လည်း ရန်ကုန်အနောက်ပိုင်းခရိုင် အလုံမြို့နယ်၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

လင်းလင်းထွန်း(ပြန်/ဆက်)

 

1355