စစ်ကိုင်း  ၂၄  နိုဝင်ဘာ

 

စစ်ကိုင်းဓာတ်ပုံအသင်း၏ လပတ်ပြိုင်ပွဲများဖြစ်သည့် ကောင်းမှုတော်ဘုရား တန်ဆောင်တိုင် မီးပုံးပျံလွှတ်တင်ပူဇော်ပွဲ ဓာတ်ပုံပြိုင်ပွဲ၌ ပထမဆုကို ထွန်းမင်းဦး(ရွှေစင်)က ရရှိခဲ့သည်။

 

ထိုသို့ ဆုရဓာတ်ပုံများအား စိစစ်ရွေးချယ်ရာတွင် အကဲဖြတ် အမှတ်ပေးဒိုင်များအဖြစ် ဦးစိုးဝင်း (ဆွမ်းဦးပုညရှင်) ဦးတင်မြ(နေနွယ်) ဦးကိုကိုဦး(Galaxy) ဦးမောင်မောင်(ဟိန်း)နှင့် ဦးစစ်သွေးကျော်တို့က ဆောင်ရွက်ခဲ့ပြီး ပြိုင်ပွဲဝင်ဓာတ်ပုံ (၁၃၆)ပုံအနက်မှ ပထမဆုကို ထွန်းမင်းဦး (ရွှေစင်) ဒုတိယဆုကို ဖြိုးသူထွန်း(ရွှေစင်) တတိယဆုကို အောင်အောင်မိုး (တမ္မဝတီ) နှစ်သိမ့်()ဆုအား ဖြိုးသူထွန်း၊ နှစ်သိမ့်()ဆုအား ထွန်းမင်းဦး၊ နှစ်သိမ့်()ဆုအား စည်သူအောင်တို့က ရရှိခဲ့ကြသည်။    

 

အဆိုပါ ပြိုင်ပွဲဝင် ဆုရဓာတ်ပုံများ စိစစ်ရွေးချယ်ပွဲကို ယနေ့ နံနက် နာရီက စစ်ကိုင်းမြို့ ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ပြီး စစ်ကိုင်းဓာတ်ပုံအသင်း ဥက္ကဋ္ဌနှင့် ပြိုင်ပွဲဝင် ဓာတ်ပုံပညာရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

 

မျိုးဝင်း (ခရိုင်ပြန်/ဆက်)