ဆိပ်ဖြူ ၂၄ နိုဝင်ဘာ
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ဒီဇင်ဘာ ၁ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ AIDS ရောဂါ တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် (အကြို) ပန်းချီ၊ ပိုစတာ၊ ကာတွန်းပြိုင်ပွဲများကို ယနေ့ နံနက် ၉ နာရီက မြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ ပြုလုပ်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများကို “AIDS ရောဂါကင်းဝေးရေး လူထုအားလုံးပါဝင်ပေး” ခေါင်းစဉ်ဖြင့် ပြုလုပ်ခဲ့ပြီး အထက်တန်းကျောင်း သုံးကျောင်း၊ အလယ်တန်းကျောင်း သုံးကျောင်းနှင့် မူလတန်းကျောင်း ငါးကျောင်း စုစုပေါင်း ကျောင်းသား ကျောင်းသူ (၂၈)ဦး ယှဉ်ပြိုင်ခဲ့သည်။
အဆိုပါ ပြိုင်ပွဲများကို ကျောင်းသား ကျောင်းသူများကို ဘက်စုံပညာ ဖွံ့ဖြိုးတိုးတက်စေရန်၊ အတွေးအခေါ် အမျှော်အမြင်ရှိပြီး စဉ်းစားတွေးခေါ်မှု မြင့်မားလာစေရန်၊ ကိုယ်ရည်ကိုယ်သွေး မြင့်မားလာစေရန်၊ ပန်းချီအနုပညာရပ်များ ပျောက်ကွယ်မသွားစေရန်နှင့် ပန်းချီအနုပညာရသကို ခံစားတတ်လာစေရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း သိရှိရသည်။
စိုးလင်းနိုင်(IPRD)


