ရွှေကူ ၂၄ နိုဝင်ဘာ
ဘဒ္ဒန္တ သိရိန္ဒ (မြို့နယ်သံဃနာယက ဥက္ကဋ္ဌဆရာတော်)၏ ဩဝါဒကို ခံယူပြီး ကချင်ပြည်နယ် ရွှေကူမြို့၊ ဘုမ္မိဇေယျရွှေပေါ်ကျွန်းကျောင်း ဆရာတော် ဘဒ္ဒန္တ ဝိမလ အား ဦးထိပ်ထားလျှက် ဘုရားဒါယကာကြီး ဦးဌေးမောင်ဝင်း + ဘုရားဒါယိကာမကြီး ဒေါ်အေးဥမ္မာ (သိင်္ဂီရွှေစင်ရွှေဆိုင်) မိသားစုမှ ယနေ့နံနက် ၇ နာရီတွင် ဘုမ္မိဇေယျရွှေပေါ်ကျွန်းကျောင်းရှိ ကံ့ကော်တစ်ထောင် ရုပ်ပွားဆင်းတုတော်မြတ်ကြီး ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ ရေစက်သွန်းချအမျှဝေခြင်း၊ ပင့်ဖိတ်ကြွလာသော သံဃာတော် အရှင်သူမြတ်တို့အား လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းခြင်းနှင့် သံဃာတော် အရှင်သူမြတ်တို့ ဟောကြားတော်မူအပ်သော တရားတော်များကို ပရိတ်သတ်များနှင့်အတူ ကြည်ညိုသဒ္ဒါ တရားပွားများ၍ နာယူကြည်ညိုခဲ့ကြသည်။
ယင်းနောက် ဘုမ္မိဇေယျရွှေပေါ်ကျွန်းစေတီတော်မြတ်ကြီး၏ တောင်ဘက်ရှိ ကံ့ကော်တစ်ထောင် ရုပ်ပွားဆင်းတုတော်မြတ်ကြီး တည်ထားကိုးကွယ်ရာ နေရာဌာနတွင် နိဗ္ဗာန်စျေးပွဲတော်နှင့် ဆုမဲပေါင်း များစွာကို ကံစမ်းခြင်းများပြုလုပ်၍ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရှိရသည်။
ကျော်မျိုးအောင်(ပြန်/ဆက်)


