ကွတ်ခိုင်    ၂၄    နိုဝင်ဘာ 

ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့တွင် နိုဝင်ဘာ ၁၇ ရက်နေ့မှ နိုဝင်ဘာ ၂၇ ရက်နေ့အထိ ပြုလုပ်ကျင်းပသည့် Mr.Universe Tourism 2019ပြိုင်ပွဲသို့ တအာင်း(ပလောင်)တိုင်းရင်းသားမော်ဒယ် မိုင်းဇွဲမင်းခန့်ကို Bless Myanmar Entertainmentမှ စီစဉ်ကျင်းပသည့် Mr.Universe Tourism Myanmar 2019 ပြိုင်ပွဲမှ Winner အဖြစ်ရွေးချယ်ခံရပြီး မြန်မာနိုင်ငံကိုယ်စားပြုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းဖြစ်ကြောင်းသိရသည်။

 

a

 

မော်ဒယ်မိုင်းဇွဲမင်းခန့်က Mr.Universe Tourism 2019ပြိုင်ပွဲသို့ မြန်မာနိုင်ငံကိုယ်စားပြုဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခြင်းအပေါ် “ခုလို နိုင်ငံကိုယ်စားပြုအနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရတဲ့အတွက် ဂုဏ်ယူဝမ်းမြောက်မိပါတယ်၊ ပြိုင်ပွဲအတွက် အကောင်းဆုံးဖြစ်အောင်လည်း ကြိုတင်ပြင်ဆင်ထားပါတယ်၊ နိုင်ငံကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုခွင့်ရအောင် ရွေးချယ်ပေးတဲ့ Bless Myanmar Entertainment က တာဝန်ရှိသူတွေကိုလည်း အထူးကျေးဇူးတင်ရှိပါတယ်၊ ကျွန်တော်ကို အားပေးကြတဲ့ ပရိတ်သတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်၊ ယခုပြိုင်ပွဲကိုလည်း ဆုတစ်ခုခုရရှိအောင် အကောင်းဆုံးယှဉ်ပြိုင်သွားပါမယ်”ဟု ပြောကြားသည်။

 

a

 

Mr.Universe Tourism 2019 ပြိုင်ပွဲသို့ မြန်မာနိုင်ငံအပါအဝင် နိုင်ငံပေါင်း(၄၀)မှ မော်ဒယ်များ ဝင်ရောက်ယှဉ်ပြိုင်ကြမည်ဖြစ်ပြီး မော်ဒယ်မိုင်းဇွဲမင်းခန့်သည် မြန်မာနိုင်ငံကိုယ်စားပြုဖြင့် ပထမဆုံး ဝင်ရောက်ယှဉ်ပြိုင်သည့် မော်ဒယ်တစ်ဦးလည်းဖြစ်ကြောင်း Bless Myanmar Entertainment က တာဝန်ရှိသူများ၏ ပြောကြားချက်အရ သိရသည်။

 

a

 

မိုင်းဘဉာဏ်(ကွက်ခိုင်)