ရန်ကုန် ၂၄ နိုဝင်ဘာ
ကမ္ဘောဒီးယားနိုင်ငံ၊ ဖနွမ်းပင်မြို့တွင် နိုဝင်ဘာ ၁၉ ရက်မှ ၂၃ ရက်နေ့အထိ ကျင်းပပြုလုပ်ခဲ့သော 17th Juniors & Women Petanque World Championship 2019 ပြိုင်တွင် မြန်မာနိုင်ငံမှ ခင်ချယ်ရီသက်က အမျိုးသမီးတစ်ဦးချင်း အကြီးတန်း 3rd Place Women Shooting ပြိုင်ပွဲတွင် ကမ္ဘာ့အဆင့်(၃)ဆုတံဆိပ်ကို ရရှိခဲ့သည်။
အဆိုပါပြိုင်ပွဲတွင် နိုင်ငံပေါင်း(၅၀) ဝင်ရောက်ယှဉ်ပြိုင်ရာ အိမ်ရှင်ကမ္ဘောဒီးယားက ပထမ၊ လာအိုအသင်းက ဒုတိယနှင့် မြန်မာအသင်းက တတိယ၊ အသင်းလိုက်ပြိုင်ပွဲတွင် နိုင်ငံအလိုက် အဆင့်(၉)ရရှိခဲ့သည်။
အဖွဲ့ခေါင်းဆောင် မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအေးထွန်းနှင့် အောင်ပွဲရအဖွဲ့သည် ယနေ့ နံနက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ပြန်လည်ရောက်ရှိရာ အားကစားနှင့် ကာယပညာသိပ္ပံ (ရန်ကုန်) ကျောင်းအုပ်ကြီး ညွှန်ကြားရေးမှူး ဦးစိုးအောင်၊ ရန်ကုန်တိုင်းဒေသကြီး အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူး ဦးအောင်မိုး၊ မြန်မာနိုင်ငံ ပီတန်းအဖွဲ့ချုပ် နာယယ ဦးသိန်းဝင်းနှင့် အတွင်းရေးမှူး ဒေါ်စုသဉ္ဇာခိုင်၊ အားကစားနှင့်ကာယပညာသိပ္ပံ (ရန်ကုန်)မှ သင်တန်းသား/ သင်တန်းသူများနှင့် မိဘဆွေမျိုးများက သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြကြောင်း သိရှိရသည်။
အေကေလင်း