ရန်ကုန် ၂၄ နိုဝင်ဘာ
မြန်မာနိုင်ငံစိတ်ပညာအသင်းက ကြီးမှူးဖွင့်လှစ်သည့် Applying Psychology to CeIminal Justics Traing ကို နိုဝင်ဘာ ၂၄ ရက်နေ့တွင် သင်တန်းနောက်ဆုံးရက်အဖြစ် ရန်ကုန်မြို့၊ ဝါးတန်းလမ်းနှင့် မင်းရဲကျော်စွာ လမ်းရှိ ပင်ဒါဟိုတယ်တွင် ပို့ချသည်။
အဆိုပါသင်တန်းကို နှစ်ရက်တာအဖြစ် ပို့ချခဲ့ရာ နိုဝင်ဘာ(၂၃)ရက်နေ့တွင် ပါမောက္ခဒေါ်ခင်မျိုးအောင်က Criminal and Psychology ဘာသာရပ်ကိုလည်းကောင်း၊ ယနေ့တွင်ပါမောက္ခဒေါက်တာညွန့်ညွန့်သီက Applying Psychology to Jus tic System ဘာသာရပ်ကိုလည်းကောင်း ပို့ချသည်။
သင်တန်းသို့HR Manager နှင့် Manager များ၊ တရားလွှတ်တော်ရှေ့နေ နှင့် ဥပဒေကျောင်းသားများ၊ တက္ကသိုလ်ကထိကမှ ဆရာများ၊ ဆရာဝန်နှင့်မူ ကြိုဆရာမများ၊ အကောက်ခွန်ဦးစီးဌာနနှင့် NGOများ၊ Praject officer များတက်ရောက်ခဲ့ကြသည်။
ဘာသာရပ်ပို့ချမှုတွင် တက်ရောက်သူများကဘာသာရပ်ဆိုင်ရာနှင့်ပတ်သက်၍ စိတ်ပါဝင်စားစွာအပြန်အလှန် ဆွေးနွေးခြင်း၊ တက်ရောက်သူတို့၏ ပတ်ဝန်းကျင်းတွင် တွေ့ကြုံခဲ့ရသည့် အဖြစ်အပျက်များဆိုင်ရာ ဆွေးနွေး မေးမြန်ခြင်းတို့ကို တက်ကြွစွာ ပါဝင်ဆွေးနွေးကြသည်။ ယနေ့ညနေ(၄)နာရီတွင် သင်တန်းပြီးဆုံးချိန်၌ သင်တန်းတက်ရောက်သူတို့အား သင်တန်းပြီးမြောက် ကြောင်းအသိအမှတ်ပြုလက်မှတ်များကို ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
သန်းထိုက်