ဘားအံ ၂၄ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ဘားအံမြို့တွင် ခြင်းလုံးမျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရေးအတွက် ရည်ရွယ်ပြီး ၂၀၁၉ခုနှစ် ၊မြို့နယ်အားကစားဖွံ့ဖြိုးတိုးတက်ရေး (Township Sport Development Programme) အရ ကျင်းပပြုလုပ်သည့် ဘားအံမြို့နယ် အုပ်ချုပ်ရေးမှူးဖလား ကျောင်းပေါင်းစုံ ကြက်တောင်နှင့်ပိုက်ကျော်ခြင်း ပြိုင်ပွဲဆုချီးမြှင့်ပွဲကို ယနေ့ မွန်းလွဲ ၃ နာရီက ဘားအံမြို့ မိုးလုံလေလုံ အားကစားရုံ၌ ကျင်းပပြုလုပ်သည်။
ဆုချီးမြှင့်ပေးအပ်ပွဲတွင် အမျိုးသားကြက်တောင်ရိုက်ပြိုင်ပွဲ၊ အမျိုးသမီးကြက်တောင်ရိုက်ပြိုင်ပွဲနှင့် အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ပထမဆု၊ ဒုတိယဆု၊ တတိယဆု ရရှိသူများအား ပြည်နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ ပြည်နယ်ဦးစီးမှုး၊ ဘားအံမြို့နယ်အုပ်ချုပ်ရေးမှုး၊ ပြည်နယ်/ခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနများမှ လက်ထောက်ညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ်အားကစားမှူးများက တစ်ဦးချင်းလည်ဆွဲဆု၊ ငွေသားဆု၊ ဆုကလပ်နှင့် အကောင်းဆုံး အားကစားသမားဆုများကို ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါပြိုင်ပွဲကို နိုဝင်ဘာလ(၁၉)ရက်နေ့မှ(၂၄)ရက်နေ့ထိ ဘားအံမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ အမျိုးသားကြက်တောင်(၉)သင်း၊ အမျိုးသမီးကြက်တောင်(၈)သင်းနှင့် အမျိုးသားပိုက်ကျော်ခြင်း(၁၂)သင်း ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
နေမျိုးလွင်(ပြန်/ဆက်)