ထီးချိုင့်   ၂၅  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ နံနက် ၉ နာရီက ထူးချွန်ထက်မြက်သော ကျောင်းသား ကျောင်းသူများ ပေါ်ထွန်းလာစေရန် ရည်ရွယ်၍ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူးကျင်းပသော မူလတန်းနှင့် အလယ်တန်းအဆင့် သင်္ချာစွမ်းရည်နှင့် အင်္ဂလိပ်စာစွမ်းရည် ထူးချွန်စာမေးပွဲကို ကျင်းပပြုလုပ်ခဲ့သည်။

 

7363

 

ထူးချွန်စာမေးပွဲတွင်  မြို့နယ်အတွင်း  အခြေခံပညာကျောင်းများမှ မူလတန်းနှင့် အလယ်တန်း အင်္ဂလိပ်စာစွမ်းရည် ဖြေဆိုသူ ၉၇  ဦး၊  သင်္ချာစွမ်းရည်ဖြေဆိုသူ ၁၄၃ ဦး စုစုပေါင်း ၂၄၀ ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်နိုင်၊ ကျောင်းအုပ်ဆရာကြီး ဦးဝင်းဖေနှင့် တာဝန်ကျ ဆရာ ဆရာမများမှ ကြီးကြပ်ပြီး ရေးဖြေစာမေးပွဲကို ကျင်းပပေးခဲ့ကြောင်း သိရသည်။

ရဲလင်းထွန်း (ပြန်/ဆက်)