ဝေါလေမြိုင် ၂၅ နိုဝင်ဘာ
ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ ဝေါလေမြိုင်မြို့၌ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှကျင်းပသော အခြေခံမွေးမြူရေးနှင့် ကုသရေးသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်းသိရသည်။
အခမ်းအနားတွင် ရှေးဦးစွာ မြို့အုပ်ချုပ်ရေးမှူး ဦးကောင်းရီက အဖွင့်အမှာစကားပြောကြားပြီး မြဝတီမြို့နယ်၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်မှူး ဒေါက်တာမင်းဝင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းကို နိုဝင်ဘာလ(၂၅)ရက်နေ့မှ (၂၉)ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ပြီး သင်တန်းသား/သင်တန်းသူ ၂၀ တက်ရောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
နိုင်မျိုးသင်း(ပြန်/ဆက်)


