ဒဂုံမြို့သစ်(ဆိပ်ကမ်း)  ၂၅  နိုဝင်ဘာ

ရန်ကုန်တိုင်းဒေသကြီး အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် အမှတ်(၉၄) ရပ်ကွက်(ယုဇနဥယျာဉ်မြို့တော်) ကံ့ကော်လမ်းမကြီးလမ်းဘေး ဝဲယာတွင်ရောင်းချနေသည့် ကျူးကျော်ဈေးဆိုင်တန်းများအား ယုဇနဈေးသစ်ကြီးတွင် နေရာချထားပေးရန် သက်ဆိုင်ရာ တာဝန်ရှိသူများက စာရင်းကောက်ယူပြီးသော ဈေးသည်များအား မဲနှိုက်နေရာချထားပေးခြင်းကို ယနေ့ နံနက် ၁၁ နာရီခန့်က ယုဇနဈေးသစ်ကြီးအတွင်း ကျင်းပပြုလုပ်သည်။

 

695

 

သတ်မှတ်ထားသည့် ဒီဇင်ဘာ(၁၅)ရက်တွင် ကျူးကျော်ရောင်းချနေသည့်နေရာမှ ဖျက်သိမ်းပြောင်းရွှေ့ခြင်းမရှိသည့် ဆိုင်ခန်းကျူးကျော်ဈေးသည်များကို တည်ဆဲဥပဒေများနှင့်အညီ ဒီဇင်ဘာ(၁၆) ရက်နေ့မှစ၍ ဖျက်သိမ်းအရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊မြို့တော်စည်ပင်သာယာရေးကော်မတီနှင့် မြို့ပြအိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနတို့မှ အသိပေးနှိုးဆာ်ထားကြောင်း သိရှိရပြီး ယနေ့(နိုဝင်ဘာ-၂၅)တွင် ရန်ကုန်အရှေ့ပိုင်းခရိုင် စည်ပင်သာယာရေး ကော်မတီမှတာဝန်ရှိသူများ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အထွထွေအုပ်ချုပ်ရေးမှ ဒုတိယ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ ၊မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့၊ အမှတ်(၉၂)ရပ်ကွက်အုပ်ချုပ်ရေးမှူး၊ အမှတ်(၉၄)ရပ်ကွက် အုပ်ချုပ်ရေးမှူး တို့ပါဝင်သော အဖွဲ့စုံဖြင့် မဲနှိုက်နေရာချထားပေးလျှက်ရှိကြောင်း သိရှိရသည်။

ကိုကြီးစိုး(ဆိပ်ကမ်း)