နေပြည်တော်  ၂၅   နိုဝင်ဘာ

 

ပြည်သူ့လွှတ်တော်၊ နိုင်ငံသားများ၏မူလအခွင့်အရေးဆိုင်ရာ ကော်မတီဥက္ကဋ္ဌ ဦးစောသည် Civil Authorize Negotiate Organization (C.A.N-Org) ကံမြန်မာမှ ဥက္ကဋ္ဌစောဇင်မောင်စိုး နှင့်အဖွဲ့အား ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လွှတ်တော်ရေးရာဆောင် အဆောင်အမှတ် (I-5) အစည်းအဝေးခန်းမ၌ လက်ခံတွေ့ဆုံသည်။

 

တွေ့ဆုံစဉ် မြန်မာနိုင်ငံရှိ လိင်စိတ်ဝိသေသလက္ခဏာ ကွဲပြားသူများဆိုင်ရာ အခွင့်အရေးများ၊ လိင်စိတ်ခံယူကွဲပြားမှုအပေါ် ကြုံတွေ့နေရသော ပြဿနာများ၊ ခွဲခြားဆက်ဆံခံရမှုများနှင့် LGBT အခွင့်အရေး ဆောင်ရွက်ချက်များအပေါ် ကူညီနိုင်မည့်အကြံပြုချက်များနှင့် စပ်လျဉ်းပြီး ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

 

(သတင်းစဉ်)