ရန်ကုန်  ၂  နိုဝင်ဘာ

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန တိုင်းရင်းဆေးပညာဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီး ခုတင် (၁၀၀) ဆံ့ တိုင်းရင်းဆေးရုံ(ရန်ကုန်)နှင့် မြန်မာနိုင်ငံတိုင်းရင်း ဆေးဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီးတို့ ပူးပေါင်း၍ စဉ်ဆက်မပြတ် တိုင်းရင်းဆေးပညာအကြောင်း ဆွေးနွေးပွဲကို နိုဝင်ဘာ ၂၈ ရက် မွန်းလွဲ ၂ နာရီတွင် ရန်ကုန်တိုင်းရင်းဆေးရုံကြီးရှိ အစည်းအဝေးခန်းမ၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ဒေါ်ညိုညိုသင်း (လက်ထောက်တိုင်းရင်းဆေး) ကွမ်းခြံကုန်းမြို့နယ် တိုင်းရင်းဆေးကုဌာန၊ ရန်ကုန်တိုင်းဒေသကြီးက ထိပ်ကပ်နာရောဂါနှင့် တိုင်းရင်းဆေးပညာ ခေါင်းစဉ်ဖြင့် တင်ပြဆွေးနွေးမည်ဖြစ်ရာ စိတ်ပါဝင်စားသူ တိုင်းရင်းဆေးဆရာ ဆရာမများ ပါဝင်ဆွေးနွေးနိုင်ကြောင်း သိရသည်။

ကြေးမုံ