စဉ့်ကူး ၂၆ နိုဝင်ဘာ

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ်တွင် "လူငယ်နှင့် ယာဉ်စည်းကမ်း၊ လမ်း စည်းကမ်း" ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို နိုဝင်ဘာ ၂၅ ရက် မွန်းလွဲ ၁ နာရီက စိုက်ကွင်းအခြေခံ       ပညာ အလယ်တန်းကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

 

ပြည်သူ့စကားဝိုင်းတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအေးသိန်းနိုင်က အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ် ဦးစီးမှူး ဒေါ်တင်တင်နုက ပြည်သူ့စကားဝိုင်း ကျင်းပရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားသည်။

 

ထို့နောက် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်နိုင်ဦး၊ မြို့နယ်အထွေထွေအုပ် ချုပ်ရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဦးအေးသိန်းနိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးစန်းနိုင်ထွန်း၊ မြို့နယ်ဉပဒေအရာရှိ ဦးကျော်မိုးဝင်း၊ မြို့နယ်ကုသရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ထူးမြတ်တို့က ဦးဆောင်ဆွေးနွေးကြသည်။ထို့နောက် တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသားများက ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် ပတ်သက်၍ သိရှိလိုသည်များ ဆွေးနွေးမေးမြန်းခဲ့ကြရာ ဦးဆောင် ဆွေးနွေးသူများက ပြန်လည်ဖြေ ကြားခဲ့သည်။

 

အဆိုပါ ပြည်သူ့စကားဝိုင်းသို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အထွေထွေအုပ်ချုပ် ရေး ဦးစီးဌာန၊ ဒုတိယဦးစီးမှူး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး၊ မြို့နယ်ဉပဒေအရာရှိ၊ မြို့နယ်ကုသရေးဦးစီးဌာနမှူး၊ မြို့နယ် လက်ထောက်ပညာရေးမှူး ဦးဝင်းကြည်၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ဝင်းမော်နှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြကြောင်း သိရသည်။  

 

မင်းဇော်ဦး(ပြန်/ဆက်)