တံတားဦး ၂၆ နိုဝင်ဘာ
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီအဖွဲ့မှ သဘာဝ ဘေးအန္တရာယ်ဖြစ်ပွားလာပါက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း လျင်မြန်စွာတုန့်ပြန် ဆောင်ရွက်နိုင်ရေး ကြိုတင်ပြင်ဆင်မှုမှုအနေဖြင့် ဌာနဆိုင်ရာများ၊ဆရာ/မများ၊ကျောင်းသား/သူများကို ဇာတ်တိုက် လေ့ကျင့် သရုပ်ပြဆောင်ရွက်ခြင်းအား ယနေ့နံနက် ၉ နာရီခွဲက တံတားဦးမြို့ အခြေခံပညာ အထက်တန်းကျောင်းဝန်းအတွင်း၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် တံတားဦးမြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသီဟအောင်က အမှာစကားပြောကြားရာတွင် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ရာသီဥတုဖောက်ပြနန်ပြောင်းလဲမှုများ ကြောင့် ကမ္ဘာတစ်ဝှမ်းမှာ သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို နှစ်စဉ်ကြုံတွေ့ ခံစားနေရပါကြောင်း ၊ မီးသတ်တပ်ဖွဲ့ဝင်များအနေဖြင့် သဘာဝဘေးအန္တရာယ်များကြုံတွေ့ရပါက လျင်မြန်စွာတုံ့ပြန် ဆောင် ရွက်ကြရန်လိုကြောင်း ၊ တံတားဦးမြို့နယ်အနေဖြင့် သဘာဝဘေးအန္တရာယ်ရှာဖွေကယ် ဆယ်ရေး လုပ်ငန်းများမှာ ဧရာဝတီ၊ ဒုဌဝတီ၊ပန်းလောင်မြစ်ရေလျှံတက်မှုများကြောင့် ကျေးရွာလူနေ အိမ်များ ရေဝင်ရောက်မှုကိုလည်း ဝိုင်းဝန်းဆောင်ရွက်ကြရန်နှင့် မီးသတ်သမားကောင်းတစ်ယောက်မှာ ရှိရမည့်စိတ်ဓာတ်ကိုအမြဲစောင့်ထိန်းကြရန်လိုအပ်ပါကြောင်းပြောကြားသည်။
ထို့နောက် ငလျင်ဘေးအန္တရာယ်သရုပ်ပြဇာတ်တိုက်ခြင်းကို မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်သူအောင် နှင့် တပ်ဖွဲ့ဝင်များက ငလျင်ဘေးဖြစ်ပေါ်လျှင် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်များကို အပျက်အစီးကြားမှ ရှင်းလင်းဖယ်ထုတ်ကယ်ဆယ်ခြင်း၊ဒဏ်ရာရရှိသူ၏ အခြေအနေပေါ်မူတည်၍ ကယ်ဆယ်ဆောင်ရွက်ရ မည့် အဆင့်များ၊ ပြိုကျနေသော အဆောက်အဦးတို့တွင် အပေါက် ပိတ်မိနေပါက အရေးပေါ် ကယ်ဆယ်ရေးသုံးစက်ပစ္စည်းကိရိယာများကို လက်တွေ့အသုံးပြုပြသခြင်း၊ ခေါင်းဆောင်တစ်ဦး၏ အခြအနေကို သုံးသပ်စီစဉ်၍ အကောင်းဆုံးနှင့် ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်ခြင်းတို့အား ကျောင်းသား/သူများနှင့်အတူ ဇာတ်တိုက်သရုပ်ပြ အသိပညာပေး ဆောင်ရွက် ခဲ့ကြောင်းသိရသည်။
ရဲတင့်


