ကျိုက် မရော ၂၆ နိုဝင်ဘာ
နိုင်ငံတစ်ဝှမ်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း လုပ်ငန်း (၂၀၁၉) မြို့နယ် အဆင့် ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၆ရက် နံနက် ၈ နာရီ က ကျိုက်မရောမြို့ အတ္တရံခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါ် ခင်မျိုးမြင့်၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်နှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာကျော်ဝင်းဇော်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ပြီး ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး လာရောက်ထိုးနှံကြသောကလေးများအား ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်နှင့် တာဝန်ရှိသူများက အရုပ်လက်ဆောင်များပေးအပ်ကာ ကာကွယ်ဆေး ထိုးခြင်း လုပ်ငန်း ကို စတင် ဆောင်ရွက်ခဲ့ကြသည်။
ယနေ့နိုင်ငံတစ်ဝှမ်း ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေးအစု လိုက်ထိုးနှံခြင်းကို ကျိုက်မရော မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း (၁၆၄) အုပ်စုတွင် စုရပ်ပေါင်း (၁၅၆) ၌ အသက် (၉) လမှ (၅)နှစ်ခွဲ အရွယ် ကလေးပေါင်းနှစ်သောင်းကျော်ကို တစ်မြို့နယ်လုံးတွင် နိုဝင်ဘာ၂၆ ရက်မှ ၂၈ ရက်ထိ ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ချို မြတ်မြတ်ထွေး (ကျိုက် မရော)


