ဒီးမော့ဆို ၂၆    နိုဝင်ဘာ

           

၂၀၁၉ ခုနှစ် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်ထိ ကလေးငယ်များ(အသက်(၉) လမှ (၅) နှစ်ခွဲအထိ) အား ဝက်သက်-ဂျိုက်သိုး ကာကွယ်ဆေး အပိုဆောင်းထိုးနှံ ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းမှစ၍ ကယားပြည်နယ် လွိုင်ကော်ခရိုင် ဒီးမော့ဆိုမြို့နယ်တွင် သတ်မှတ်ထားသော စုရပ်နေရာများ၌ ကာကွယ်ဆေး ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

 

ဒီးမော့ဆိုမြို့နယ်တွင် ကျေးလက်ကျန်းမာရေးဌာန၊ ဌာနခွဲများနှင့် NGO အဖွဲ့အစည်းများမှ ပေးပို့သော စာရင်းများအရ အသက်(၉) လမှ (၅) နှစ်ခွဲအထိ ကာကွယ်ဆေးထိုးနှံရမည့် ကလေးငယ် စုစုပေါင်း ၁၀၂၁၃ ဦး ရှိပြီး ကာကွယ်ဆေး ထိုးနှံရမည့် ကလေးငယ်များ မကျန်ရှိစေရေး ရပ်ကွက်၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ စေတနာ့ဝန်ထမ်းများ၊ NGO အဖွဲ့အစည်းများ ပူးပေါင်းကူညီဆောင်ရွက်နိုင်ရေး ချိတ်ဆက် ဆောင်ရွက်လျက်ရှိကာ   ကာကွယ်ဆေး မထိုးနှံရသေးသော ရွေ့ပြောင်း အလုပ်သမား များ၏ ကလေးငယ်များကိုလည်း ကာကွယ်ဆေးထိုးနှံနိုင်ရန် စီစဉ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း  သိရသည်။

 

ရီရယ်(ဒီးမော့ဆို)