ကျောက်ဆည် ၂၆ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ အေးမြကြည်လင်ရပ်ကွက်ရှိ မိခင်နှင့် ကလေးစောင့်ရှောက် ရေးအသင်း သားဖွားခန်းရှေ့တွင် ကလေးအသက်(၉)လမှ(၅)နှစ်ခွဲအတွင်းနိုင်ငံ့တစ်ဝန်းဝက်သက်-ဂျိုက်သိုးရောဂါ အပိုဆောင်း ကာကွယ်ဆေး ထိုးနှံခြင်းအစီအစဉ်ကို Gavi ,World Health Organization , unicef တို့၏ ပံ့ပိုးကူညီ မှုဖြင့် နိုဝင်ဘာ(၂၆)ရက်နံနက်(၉)နာရီက ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာရဲဝင်းနိုင်၊ ဒေါက်တာစိုးလင်းထူး နှင့် ဒေါက်တာ ယဉ်မင်းမင်းစိန်တို့က အဆိုပါ သားဖွားခန်းရှေ့တွင် ဖဲကြိုးဖြတ်ဖွင့်လှစ်ပေး ကြောင်းသိရသည်။
ဆက်လက်၍ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းကို မြို့နယ်တိုးချဲ့ ကာကွယ်ဆေး လုပ်ငန်းတာဝန်ခံ ဦးဇင်ခိုင်နှင့်အဖွဲ့များ သားဖွားဆရာမများ၊ မိခင်နှင့်ကလေး စောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာ အဖွဲ့ဝင်များက အေးမြကြည်လင်ရပ်ကွက် အတွင်းရှိ ကလေး(၆၂)ဦးကို ဝက်သက်-ဂျိုက်သိုးရောဂါ အပိုဆောင်း ကာကွယ်ဆေး ထိုးနှံပေးသည်။ ထို့နောက်မြို့နယ်အတွင်းစုရပ်၊ နေရာ (၂၄၁) နေရာနှင့် ရည်မှန်းကလေးအသက် (၉)လမှ(၅)နှစ်ခွဲအတွင်း ကလေးဦးရေ (၂၀၆၈၇)ဦးတို့အား နိုဝင်ဘာ (၂၆) မှ(၂၈) ရက်အတွင်း ကာကွယ်ဆေးထိုးနှံပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်


