လွိုင်ကော် ၂၆ နိုဝင်ဘာ
ဒီဇင်ဘာ (၁) ရက်နေ့တွင် ကျရောက်မည့် World AIDS Day အကြိုအထိမ်းအမှတ် စာစီစာကုံး၊ ကာတွန်း၊ ပန်းချီ ပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၂) အခြေခံ အထက်တန်းကျောင်း၊ သဇင်ဆောင်၌ ကျင်းပခဲ့သည်။
အဆိုပါ ပြိုင်ပွဲတွင် “ AIDS ရောဂါကင်းဝေးရေး လူထုအားလုံးပါဝင်ပေး ” ခေါင်းစဉ်ဖြင့် စာစီစာကုံးပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သူ (၂၈) ဦး၊ “ World AIDS Day ” ခေါင်းစဉ်ဖြင့် ကာတွန်းပြိုင်ပွဲ ဝင်ရောက် ယှဉ်ပြိုင်သူ (၁၉) ဦး နှင့် ပန်းချီ ပြိုင်ပွဲဝင်ရောက် ယှဉ်ပြိုင်သူ (၂၁)ဦး စုစုပေါင်း (၆၈) ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြသည်။
ပြိုင်ပွဲတွင် ဆုရရှိသူများကို ဒီဇင်ဘာ (၁) ရက်နေ့ World AIDS Day အခမ်းအနားတွင် ဆုများ ပေးအပ် ချီးမြှင့်မည် ဖြစ်ကြောင်း သိရသည်။
လွိုင်ကော်သား


