နေပြည်တော် ၂၆ နိုဝင်ဘာ

ကျောက်မျက်ရတနာများ ဆင့်တက်ပြုပြင်ခြင်းဆိုင်ရာ လုပ်ငန်းကျွမ်းကျင်မှု သင်တန်းဖွင့်ပွဲကို ယနေ့နံနက် နာရီတွင် နေပြည်တော်ရှိ ရွှေကြာပင်ကျောက်မျက်နှင့် လက်ဝတ်ရတနာ သက်မွေးမှုနည်းပညာသင်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပသည်။

သင်တန်းဖွင့်ပွဲသို့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယအမြဲတမ်း အတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်အသင်းများဥက္ကဋ္ဌ၊ ဖိတ်ကြားထားသော အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်များ၊ တာဝန်ရှိပုဂ္ဂိုလ်များ၊ သင်တန်းသားသင်တန်းသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်း သိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက အမှာစကားပြောကြားသည်။

အာဆီယံ ဓာတ်သတ္တုကဏ္ဍ ပူးပေါင်းဆောင်ရွက်ရေး အစီအစဉ်အရ ကျောက်မျက်ရတနာများ ဆင့်တက်ပြုပြင်ခြင်းဆိုင်ရာလုပ်ငန်း ကျွမ်းကျင်မှုသင်တန်းကို မြန်မာနိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပခြင်းဖြစ်ပြီး သင်တန်းသား သင်တန်းသူများအနေဖြင့် နိုဝင်ဘာ ၂၆ ရက်မှ ၂၈ အထိ နေပြည်တော်တွင်လည်းကောင်း၊ ကျောက်စိမ်းနှင့် ကျောက်မျက်တူးဖော်ခြင်းလုပ်ငန်း အတွေ့အကြုံများကို မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့ရှိ ကျောက်စိမ်းနှင့် ကျောက်မျက်တူးဖော်ခြင်း လုပ်ငန်းများတွင် နိုဝင်ဘာ ၂၉ ရက်မှ ဒီဇင်ဘာ ရက်အထိ လည်းကောင်း ()ရက်ကြာ ကွင်းဆင်းလေ့လာသွားကြမည် ဖြစ်သည်။

အဆိုပါသင်တန်းကို မြန်မာနိုင်ငံ၏ သယံဇာတပေါကြွယ်ဝမှုနှင့် ကျောက်မျက်သတ္တုတူးဖော်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ လေ့လာမှုများကို အာဆီယံအဖွဲ့ဝင် နိုင်ငံများ သိရှိလေ့လာနိုင်ရန်နှင့် အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြား ကျောက်မျက်ရတနာ လုပ်ငန်းဆိုင်ရာ အတွေ့အကြုံများ မျှဝေနိုင်ရန်ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်