နေပြည်တော် ၂၆ နိုဝင်ဘာ
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ကြီးမှူး၍ မြန်မာ-ထိုင်း ချစ်ကြည်ရေး သံဃာတော်အပါး (၃၀၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီးကို ဒီဇင်ဘာ ၈ ရက် နံနက် ၆ နာရီတွင် မန္တလေးမြို့ ချမ်းမြသာစည်မြို့နယ် သိပ္ပံလမ်းနှင့် မြဝတီမင်းကြီးလမ်းကြား ရန်ကုန်-မန္တလေးလမ်း ချမ်းမြသာစည်လေဆိပ် (လေယာဉ်ကွင်းဟောင်း)၌ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဆွမ်းဆန်စိမ်းလောင်းလှူပွဲကြီး စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေးအတွက် အနယ်နယ်အရပ်ရပ်မှ ပြည်သူများ ကြည်ညိုသဒ္ဓါပွားကာ ပါဝင်လောင်းလှူနိုင်ကြောင်း၊ သံဃာတော်တစ်ပါးလျှင် ငွေကျပ် ၃၀၀၀၀ လှူဒါန်းမည်ဖြစ်သည့်အတွက် သဒ္ဓါတတ်အား နည်းများမဆို ပါဝင်လှူဒါန်းနိုင်ကြောင်းနှင့် မည်သူမဆို လာရောက်ကြည်ညို ပါဝင်လှူဒါန်းနိုင်ကြောင်း သံဃာတော်အပါး (၃၀၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲ ကျင်းပရေးလုပ်ငန်းကော်မတီထံမှ သိရသည်။
မောင်လူမော်


