ထန်းတပင် ၂၆ နိုဝင်ဘာ
မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့် အသက်(၉)လပြည့်မှ (၅)နှစ်ခွဲအောက် ကလေးငယ်များအား ဝက်သက်-ဂျိုက်သိုး ရောဂါကင်းစင်စေရေးအတွက် ကာကွယ်ဆေး အပိုဆောင်းထိုးနှံခြင်းကို ဆောင်ရွက်လျက်ရှိပြီး ယနေ့ နံနက်ပိုင်းက ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုများအလိုက် ထိုးနှံပေးလျက်ရှိသည်။
ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေးကို မြို့နယ်အတွင်း၌ နိုဝင်ဘာ ၂၆ ရက်မှ ၂၈ ရက်အထိ (၃)ရက်ကြာ စုရပ် ၁၅၁ နေရာတွင် ကာကွယ်ဆေးထိုးနှံရေးအဖွဲ့ ၄၉ ဖွဲ့မှ ထိုးနှံဆောင်ရွက်သွားမည်ဖြစ်သည်။
ထန်းတပင်မြို့နယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စု (၅၉)အုပ်စုတို့မှ ကာကွယ်ဆေးထိုးနှံရမည့် ကလေးငယ်(စာရင်းရှိ) ၁၁၃၂၅ ဦးရှိပြီး ကာကွယ်ဆေး စတင်ထိုးနှံသည့် ပထမနေ့တွင် ကလေးငယ် (၄၉၇၀)ဦး လာရောက်ထိုးနှံခဲ့ကြောင်း မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
ဇင်မင်းထိုက်(ထန်းတပင် ပြန်/ဆက်)


