ရန်ကုန် ၂၆ နို၀င်ဘာ

မြန်မာနိုင်ငံဆိုင်ရာ ရုရှားနိုင်ငံသံရုံးနှင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနတို့ ပူးပေါင်းတင်ဆက်သည့် "ဂီတပညာရှင်များ သံရုံး" စိန့်ပီတာစဘတ်ဂီတအိမ်၏  တေးဂီတ ဖျော်ဖြေပွဲကို ရန်ကုန်မြို့ မြို့တော်ခန်းမရှိ အစည်းအဝေးခန်းမ၌ ယနေ့ညပိုင်းတွင် ကျင်းပသည်။ 

အခမ်းအနားတွင် ရုရှားသံအမတ်ကြီး Mr. Nikolay Listopadov က အဖွင့်နှုတ်ခွန်းဆက် စကားပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ဥက္ကဋ္ဌ ဦးတင်မောင်ထွန်းက ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါဂီတဖျော်ဖြေပွဲတွင် စိန့်ပီတာစဘတ်ဂီတအိမ်၏ အနုပညာဒါရိုက်တာ Prof. Sergey ROLDUGIN က ဦးစီး၍ ရုရှားအမျိုးသား နိုင်ငံတကာပြိုင်ပွဲများ၏ ဂီတဆုရှင်များဖြစ်ကြသည့် လူငယ်စန္ဒယား အနုပညာရှင် Mr. Ivan KALATAY နှင့် လူငယ်တယောပညာရှင် Mr. Grigory FILIPCHENKO တို့နှစ်ဦးက တီးခတ်ဖျော်ဖြေကြသည်။  

ယနေ့ည "ဂီတပညာရှင်များ သံရုံး" ဂီတဖျော်ဖြေပွဲသို့ ရန်ကုန်မြို့တော်ဝန် ဦးမောင်မောင်စိုး၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)မှ ပါမောက္ခချုပ် ဦးအောင်နိုင်မြင့်၊ အနုပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးလှိုင်၀င်းမောင်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (ရန်ကုန်)  အနုပညာအထက်တန်းကျောင်းမှ ကျောင်းသား ကျောင်းသူများ၊ ဝန်ထမ်းများ၊ ရုရှားသံရုံးမှ သံရုံးဝန်ထမ်းများ၊ ဂီတစိတ်ဝင်စားသူ ပြည်သူများ တက်ရောက်ကြည့်ရှု နားဆင်ကြသည်။

သတင်းစဉ်

gsgd