ပဲခူး ၂၇ နိုဝင်ဘာ
ပဲခူးမြို့၊ မဇင်းရပ်ကွက်၊ ဗိမာန်ရှင်နာမှုနှင့်သေမှုကူညီရေးဝန်းအတွင်းရှိ ဗိမာန်ရှင် မျက်စိခွဲစိတ်ကုသ ဆောင်၌ ပထမဦးဆုံးအကြိမ်အဖြစ် မျက်စိအတွင်းတိမ်လူနာများအား အခမဲ့မျက်စိစမ်းသပ်ခွဲစိတ် ကုသပေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဒေသဆိုင်ရာ မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာကိုဦးနှင့် မျက်စိကျန်းမာရေး ဝန်ထမ်းများက ဗိမာန်ရှင် မျက်စိကုသဆောင်တွင် စာရင်းပေး လာရောက်ပြသကြသည့် မျက်စိဝေဒနာရှင် (၁၀ဝ) ကျော်အား စမ်းသပ်စစ်ဆေးပေးခဲ့ပြီး ယင်းတို့အနက်မှ ခွဲစိတ်ကုသရန် လိုအပ်သော အတွင်းတိမ် မျက်စိ ဝေဒနာရှင် (၆၈) ဦးအား ဗိမာန်ရှင်နာမှုနှင့် သေမှုကူညီရေးအသင်းနှင့် စေတနာရှင်အလှူ ရှင်များ၏ ကူညီပံ့ပိုးလှူ ဒါန်းမှုဖြင့် ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးမည်ဖြစ်ကြောင်း သိရသည်။
ယနေ့ နိုဝင်ဘာလ(၂၇) ရက်နေ့တွင် (၂၆) ဦးအား ခွဲစိတ်ကုသမှု ပြုလုပ်ပေးမည်ဖြစ်ပြီး ကျန်(၄၂)ဦးအား ဒီဇင်ဘာလ (၂)ရက်နေ့တွင် (၂၇) ဦး၊ ဒီဇင်ဘာလ (၃) ရက်နေ့တွင် (၁၅) ဦး ခွဲစိတ်ကုသမှုများ ပြုလုပ်ပေး မည်ဖြစ်ကြောင်းနှင့် လာရောက်ကုသကြသည့် မျက်စိဝေဒနာရှင်များအား မျက်စိအထူးကု ဆရာဝန်ကြီး ဒေါက်တာကိုဦးနှင့် ကျန်းမာရေးဝန်ထမ်းများက မျက်စိနှင့်ပတ်သက်သည့် ဆောင်ရန်/ ရှောင်ရန် အသိပညာပေး ဟောပြောမှုများလည်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
တင်စိုး(ပဲခူး)


