ဂန့်ဂေါ ၂၇  နိုဝင်ဘာ

 

ဂန့်ဂေါမြို့နယ်တွင် ပဲမျိုးစုံသီးနှံ အဓိက ထွက်ကုန်တစ်မျိုးဖြစ်သည့် ထောပတ်ပဲကို ဒေသ ရေမြေ၊ ရာသီဥတုနှင့် ကိုက်ညီသဖြင့် ဆောင်းသီးနှံအဖြစ် တစ်နှစ်ထက်တစ်နှစ် တိုးချဲ့ စိုက်ပျိုးလာကြကြောင်း သိရသည်။

 

4

 

"ဂန့်ဂေါ ထောပတ်ဆိုတာ ကျွန်တော်တို့ ဂန့်ဂေါဒေသရဲ့ နာမည်ရ သီးနှံထွက်ကုန် တစ်ခု ပါ။ ဒေသ ရေမြေ၊ ရာသီဥတုနဲ့ကိုက်ညီပြီး ပိုးမွှားရောဂါဒဏ်လည်း ခံနိုင်ရည်ရှိတော့ တောင်သူ တွေက တိုးချဲ့ စိုက်ပျိုး လာကြပါတယ်။ အများအားဖြင့် နေကြာနဲ့ သီးညှပ်စိုက်ပြီး ဖူးစားပြောင်း နဲ့လည်း ရောစိုက် ပါတယ်"ဟု ရွာစည်ကျေးရွာမှ တောင်သူ ဦးဇော်မင်းလွင်က ပြောပြသည်။

 

ဂန့်ဂေါမြို့နယ်တွင် ထောပတ်ပဲကို ဆောင်းသီးနှံအဖြစ် စိုက်ပျိုးလျက်ရှိရာ ယခင်နှစ်က ၂၁၅၂၈ ဧက စိုက်ပျိုးခဲ့သည်။ ယခုနှစ်တွင် ၁၇၇၉၂ ဧက စိုက်ပျိုးရန် လျာထားခဲ့ရာ ၂၃၇၉၀ ဧက စိုက်ပျိုးနိုင်ခဲ့သဖြင့် ယခင်နှစ်ကထက် ဧက နှစ်ထောင်ကျော် စိုက်ပျိုးသည့်အပြင် ယခုနှစ် လျာထားချက်ထက် ဧက ခြောက်ထောင်ခန့် ပိုမိုစိုက်ပျိုးလာကြောင်း မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမြင့်ဇော်၏ ပြောပြချက်အရ သိရသည်။

 

(၁၄၄)