ကြာအင်းဆိပ်ကြီး ၂၇    နိုဝင်ဘာ

 

ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကြာအင်းဆိပ်ကြီးမြို့နယ်တွင် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်မှ ရပ်ရွာလူထုအတွင်း လူ့အခွင့်အရေး ကလေးသူငယ်အခွင့်အရေးနှင့် အမျိုးသမီး အခွင့်အရေး ဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲကို ယနေ့နံနက် ၉နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ပြုလုပ်ကျင်းပသည်။

 

4

 

အဆိုပါ အသိပညာပေး ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဇော်လွင်ထူးက လူ့အခွင့်အရေး အခြေခံ အယူအဆများနှင့် အမျိုးသမီး အခွင့်အရေး အကြောင်းအရာများအား ရှင်းလင်းဆွေးနွေးပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် မှ Educator ဦးကောင်းခန့်ဇင်က ကလေးသူငယ်အခွင့်အရေးများနှင့် မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် ဖွဲ့စည်းခြင်းနှင့် ဆောင်ရွက်ချက်များအကြောင်း ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် ဆွေးနွေးပွဲသို့ တက်ရောက်လာသူများမှ မိမိတို့ သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဆွေးနွေးဖြေကြားပေးခဲ့ကြောင်း သိရသည်။

 

မျိုးမင်းဦးပြန်/ဆက်