မင်းဘူး ၂၇    နိုဝင်ဘာ

 

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ကုန်လမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာနသည်  မော်တော်ယာဉ် နှင့် ဆိုင်ကယ်ယာဉ် မောင်းလိုင်စင် လုပ်ငန်းများကို ယမန်နေ့ မွန်းလွဲ ၃ နာရီက မင်းဘူး(စကု)မြို့နယ်၊ ကြီးကန်ကျေးရွာ ဓမ္မာရုံတွင် နယ်လှည့် ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

 

ထိုသို့ ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မင်းဘူးခရိုင်၊ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှု     ဉီးစီးဌာန၊ ယာဉ်စစ်ဆေးရေးမှူး ဉီးအောင်ဇင်ဝင်းက ယာဉ်မောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များ၊ ယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းဝေးစေရေး၊  ယာဉ်မောင်းနှင်ရာတွင် ယာဉ်မောင်း လိုင်စင်နှင့် ယာဉ်လိုင်စင် ပါရှိရေး၊ မော်တော်ဆိုင်ကယ်စီးနှင်ရာတွင် မေးသိုင်းကြိုး တပ်ဆင်ရေး နှင့် ယာဉ်မောင်း လိုင်စင် ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အကျိုးကျေးဇူးများကို   ရှင်းလင်း ပြောကြားခဲ့ကြောင်း သိရသည်။

 

အဆိုပါ ယာဉ်မောင်းလိုင်စင် လုပ်ငန်းများ နယ်လှည့် ကွင်းဆင်းဆောင်ရွက်ပေးရာတွင် မင်းဘူးခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဉီးစီးဌာန၊ ယာဉ်စစ်ဆေးရေးမှူး ဉီးအောင်ဇင်ဝင်းနှင့် ဝန်ထမ်းများမှ ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် (၄၅)စောင် အသစ်ဆောင်ရွက်ပေးနိုင်ခဲ့ကြောင်း သိရှိရသည်။

 

ကျော်စိုးဝင်း(မင်းဘူး)