ညောင်တုန်း ၂၇ နိုဝင်ဘာ
ညောင်တုန်းမြို့နယ် ဘောလုံးဆပ်ကော်မတီနှင့် မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်တို့မှ ပူးပေါင်း ဖွင့်လှစ် ကျင်းပပြုလုပ်သော မြို့နယ် ဘောလုံးနည်းပြနှင့် ဒိုင်သူကြီး သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီက မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဉီးကျော်ဆန်း၊ ဌာနဆိုင်ရာများ ၊မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ နည်းပြ ဆရာများ၊ မြို့နယ် အားကစားမှူး ဒေါ်ခင်စန်းရီ၊ မြို့နယ်ဘောလုံးဆပ်ကော်မတီဉက္ကဌ ဉီးမြင့်လွင်နှင့် တာဝန်ရှိသူများ၊ သင်တန်းသားများ၊ ဘောလုံးဝါသနာရှင်များ တက်ရောက်ကြသည်။
ရှေးဉီးစွာ မြို့နယ်ဘောလုံးဆပ်ကော်မတီ ဉက္ကဌ ဉီးမြင့်လွင်က အရည်အချင်းရှိသော ဘောလုံးနည်းပြ၊ ဒိုင်သူကြီးကောင်းများ ပေါ်ထွက်လာစေရေးအတွက် သင်တန်းဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း အဖွင့် အမှာစကား ပြောကြားသည်။
ဆက်လက်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှနည်းပြဆရာ ဉီးတင်ငြိမ်းမှ နိုင်ငံတကာတွင် ကျင့်သုံး နေသော ဘောလုံးစည်းမျဉ်း နည်းစနစ်များ၊ အတွေ့အကြုံများအား ရှင်းလင်းပြောကြားသည်။
အဆိုပါ မြို့နယ်နည်းပြနှင့် ဒိုင်သူကြီးသင်တန်းသို့ ရပ်ကွက်များမှ အားကစား တာဝန်ခံ(၁၂)ဉီး၊ အခြေခံပညာကျောင်းများမှ အားကစား တာဝန်ခံ(၂၀)၊ စုစုပေါင်း သင်တန်းသား (၃၂)ဉီး တက်ရောက် သင်ကြားပြီး နိုဝင်ဘာလ(၂၇)ရက်နေ့မှစတင် ကာဒီဇင်ဘာလ (၁)ရက်နေ့ အထိ၊ (၅)ရက်ကြာ ဘောလုံးဆိုင်ရာ အကြောင်းအရာများအား အကျယ်တဝင့် သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းကျော်(ညောင်တုန်း)


