ကျိုက်မရော  ၂၇    နိုဝင် ဘာ     

 

မွန် ပြည်နယ် ၊လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန် လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဉီးစီးဌာနနှင့် ကျိုက်မရော မြို့နယ်သဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှု ကော်မတီ တို့ ပူးပေါင်း ဖွင့်လှစ်သော သဘာဝဘေးလျော့ပါးရေး စေတနာ့ဝန်ထမ်း လူငယ် (ဆင့်ပွား) သင်တန်း အမှတ်စဉ် (၄/၂၀၁၉ )ဖွင့်ပွဲအခမ်းအနားကို နိုဝင်ဘာ ၂၇ရက် နံနက်၉နာရီ က အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ခန်းမ၌ ကျင်းပသည်။

 

1

 

အခမ်းအနားတွင် ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်မျိုးမြင့်က သင်တန်းဖွင့် အမှာစကား ပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်မြင့်က သဘာဝဘေး အန္တရယ်သင်တန်းဖွင့်ပွဲမှ မိမိမြို့နယ် အတွက် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် မွန်ပြည်နယ် လူမူဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်ဝင်းမော်က သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ယနေ့ဖွင့်လှစ်သော သင်တန်းသို့ ကျိုက်မရောမြို့နယ် အတွင်းရှိ ရပ်ကွက်/ကျေးရွာ များမှ စေတနာ့ ဝန်ထမ်း လူငယ် သင်တန်းသား/သင်တန်းသူ (၃၀)တက်ရောက်ခဲ့ ကြပြီး သင်တန်းကာလမှာ (၃ )ရက်ဖြစ်ကြောင်း သတင်းရရှိသည်။

 

ချို မြတ် မြတ်ထွေး (  ကျိုက် မရော  )