ဖာပွန် ၂၇ နိုဝင်ဘာ
ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဖာပွန်မြို့နယ်တွင် ၂၀၁၉ ခုနှစ် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဖာပွန်ခရိုင် စာရင်းစစ်၊ စာရင်းကောက် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန ယွန်းစလင်းခန်းမ၌ကျင်းပသည်။
ရှေးဦးစွာ ဖာပွန်ခရိုင် ကြားဖြတ်လူဦးရေသန်းခေါင်စာရင်း ကောက်ယူရေးကော်မတီဥက္ကဌ ဖာပွန်ခရိုင် အုပ်ချုပ်ရေးမှူး ဦးဇော်ဇော်ဦးက အဖွင့်အမှာစကားပြောကြားပြီး အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ခရိုင်ဒုတိယညွှန်ကြားရေးမှူး ဦးတင့်ခိုင်က ၂၀၁၉ ခုနှစ် ကြားဖြတ် လူဦးရေ သန်းခေါင်စာရင်း ကောက်ယူခြင်းလုပ်ငန်း ဖာပွန်ခရိုင် စာရင်းစစ်၊ စာရင်းကောက် သင်တန်းနှင့်ပတ်သက်၍ အသေးစိတ် ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို သင်တန်းဆရာ(၅)ဦးက သင်တန်းသား၊ သင်တန်းသူ(၁၇)ဦးအား နိုဝင်ဘာလ (၂၇)ရက်နေ့မှ ဒီဇင်ဘာလ(၇) ရက်နေ့အထိ သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်ဝဏ္ဏ(ပြန်/ဆက်)


