နေပြည်တော် ၂၇ နိုဝင်ဘာ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန်လွှဲအပ်ခြင်းခံရသော ဗီယက်နမ်နိုင်ငံ သံအမတ်ကြီး မစ္စလုသွေဇွန်း၏နေရာတွင် မစ္စတာလီကွတ််သွမ်အား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ တော်အစိုးရက သဘောတူညီပြီးဖြစ်သည်။

မစ္စတာ လီကွတ်ဗ်သွမ်ကို ၁၉၆၂ ခုနှစ်၊ မတ်လ ၁၂ ရက်နေ့တွင် ဗီယက်နမ်နိုင်ငံ၌ မွေးဖွားခဲ့သည်။

မစ္စတာ လီကွတ်တံသွမ်သည် နိုင်ငံတကာဆက်ဆံရေး မဟာဘွဲ့ကို ရရှိခဲ့ပြီး ၁၉၈၅ ခုနှစ်တွင် ဗီယက်နမ်နိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ စတင်တာဝန်ထမ်းဆောင်ခဲ့သည်။ ၎င်းသည် ဗီယက်နမ်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ ဝါရှင်တန်ဒီစီမြို့နှင့် ပရာ့ဂ်မြို့ရှိ ဗီယက်နမ်သံရုံးတို့၌ ရာထူးအဆင့်ဆင့်ဖြင့် တာဝန်ထမ်းဆောင်ခဲ့သည်။ လက်ရှိတွင် မစ္စတာ လီကွတ်ဗ်သွမ်သည် ဖိလစ်ပိုင်နိုင်ငံဆိုင်ရာ ဗီယက်နမ် သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသည်။

မစ္စတာ လီကွတ််သွမ်သည် အိမ်ထောင်ရှင်တစ်ဦးဖြစ်ပြီး ကလေး နှစ်ဦးရှိသည်။

သတင်းစဉ်