၂၇ နိုဝင်ဘာ
၂၀၂၀ပြည့်နှစ်တွင် တိုကျိုအိုလံပစ်ကစားပြိုင်ပွဲ၏ ဟော်ကီပွဲစဉ်များမဲခွဲမှုကို အပြည်ပြည်ဆိုင်ရာ ဟော်ကီ အဖွဲ့ချုပ်က အတည်ပြုခဲ့သည်။
ပွဲစဉ်ဇယားအရ ၂၀၁၆ ရွှေတံဆိပ်ဆုရအာဂျင်တီးနားအသင်းက အုပ်စု (က) တွင် သြစတြေးလျ၊ အိန္ဒိယ၊ စပိန်၊ နယူးဇီလန်၊ အိမ်ရှင် ဂျပန်တို့နှင့် ပါဝင်သည်။ အုပ်စု B တွင်ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ ဂျာမနီ၊ ဗြိတိန်၊ ကနေဒါနှင့်တောင်အာဖရိကတို့ ပါဝင်သည်။
ရီယိုအိုလံပစ်ပြိုင်ပွဲ အမျိုးသမီးရွှေတံဆိပ်ဆုရ ဗြိတိန်အသင်းက အုပ်စု (က) တွင် နယ်သာလန်၊ ဂျာမနီနှင့်အိုက်ယာလန်၊ အိန္ဒိယနှင့် တောင်အာဖရိကတို့နှင့် ယှဉ်ပြိုင်မည်ဖြစ်ပြီး တရုတ်နိုင်ငံသည် ဩစတြေးလျ၊ အာဂျင်တီးနား။ နယူးဇီလန်၊ စပိန်နှင့် အိမ်ရှင်ဂျပန်နိုင်ငံတို့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်သည်။
တိုကျို အိုလံပစ်အားကစားပြိုင်ပွဲကို ၂၀၂၀ပြည့်နှစ် ဇူလိုင်၂၅ ရက်မှ သြဂုတ် ၇ ရက်နေ့ အထိ Oi Hockey အားကစားခန်းမတွင် ကျင်းပမည်ဖြစ်သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မေဇော်ထက်