နေပြည်တော် ၂၇ နိုဝင်ဘာ

 

ယနေ့ ညနေ ၄ နာရီ ၃၇ မိနစ်တွင် ကိုကိုးကျွန်း၏ မြောက်-အရှေ့မြောက်ဘက် မိုင်(၅၀)ခန့်အကွာကို ဗဟိုပြုပြီး အင်အား ရစ်(ခ်)တာစကေး ၄ ဒသမ ၅ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ထုတ်ပြန်သည်။

 

အဆိုပါငလျင်သည် ၊ မြောက်လတ္တီတွဒ် (၁၄.၈၂)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် (၉၃.၆၆)ဒီဂရီ၊ အနက်(၂၆၈) ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ရှားသွားကြောင်း တိုင်းထွာရရှိခဲ့သည်။

 

MDN