မိုင်းယောင်း ၂၇ နိုဝင်ဘာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူတို့၏ လိုအပ်ချက်များကို မြို့နယ်ပြည်သူ့ဝန်ဆောင်မှုရုံးက နိုဝင်ဘာ ၂၇ ရက်က ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းဖြင့် ဝမ်မန်းကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ရွေ့လျားဝန်ဆောင်မှုလုပ်ငန်းကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီဝင်း၏ ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသုနောင်မိုးလှိုင်နှင့် မြို့နယ်ပြည်သူ့ ဝန်ဆောင်မှုရုံး ဌာနများက ဝမ်မန်းအုပ်စုအတွင်းရှိ ကျေးရွာ ၁၅ ရွာမှ ဒေသခံ တိုင်းရင်းသားများအတွက် အိမ်ထောင်စုစာရင်းဆိုင်ရာ လုပ်ငန်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုဆိုင်ရာ လုပ်ငန်းများတို့ကို သက်ဆိုင်ရာဌာနအလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း(ပြန်/ဆက်)