ဆော ၂၇ နိုဝင်ဘာ

ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ဂန့်ဂေါမြို့နယ် ဆောမြို့နယ်တွင် လူထုဗဟိုပြုစီမံကိန်းလုပ်ငန်း စတုတ္ထနှစ်စက်ဝန်းကို အကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ရာ  ကျေးရွာများတွင် ဆောင်ရွက်မည့် လုပ်ငန်းများအတွက် တာဝန်ရှိသူများသည် နိုဝင်ဘာလအတွင်း ကွင်းဆင်းညှိနှိုင်း ဆွေးနွေးလျက်ရှိသည်။

ထိုသို့ ကွင်းဆင်းညှိနှိုင်းရာတွင် မြို့နယ်ဦးစီးမှူး ဒေါ်မြစန်းလင်းနှင့် အဖွဲ့သည် လှော်ကား၊ ကံကြီး၊ ပန်းဆန်၊ စံကျေးရွာများသို့ ယခုရက်တစ်ပတ်အတွင်း ကွင်းဆင်းညှိနှိုင်းကြကြောင်းနှင့် ညှိနှိုင်းဆွေးနွေးကြရာတွင်   နှစ်တာကာလအတွင်း ဆောင်ရွက်ပြီးစီးခဲ့သော စီမံကိန်းလုပ်ငန်းခွဲများ အခြေအနေ၊ အကျိုးပြုအသုံးရှိပုံများကို မေးမြန်းခဲ့ပြီး လုပ်ငန်းခွဲများအတွက် လည်ပတ်ထိန်းသိမ်းရေး အစီအစဉ်များကို ဆွေးနွေးသည်။

စီမံကိန်း စတုတ္ထနှစ်တွင် ကျေးရွာအလိုက် ဆက်လက်ဆောင်ရွက်လျက်ရှိသည့် နှစ်ထပ်စာသင်ကျောင်းဆောင်၊ တစ်ထပ်စာသင်ကျောင်းဆောင်၊ ရွာတွင်းရေနုတ်မြောင်း ဖောက်လုပ်ခြင်း စုရပ်ဆောင် ဆောက်လုပ်ခြင်း စီမံကိန်းလုပ်ငန်းခွဲများ ဆောင်ရွက်ထားရှိမှု အခြေအနေနှင့် ကြုံတွေ့နေရသော အခက်အခဲများအကြောင်းတို့ကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ခိုင်ဇာ (ယောမြေ)