အမရပူရ ၂၈ နိုဝင်ဘာ 

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် တောင်သမန်အင်းကမ္ဘာကျော် ဦးပိန်တံတားသို့ ပြည်တွင်း ပြည်ပ ခရီးသွားများ နေ့စဉ်လာရောက်မှု များပြားလျက်ရှိပြီး ဈေးသည်များနှင့် ခရီးသွားဧည့်သည်များ စွန့်ပစ်သည့် ပလတ်စတစ်အမှိုက်များကွန်းတိုင် တံတားအောက်ခြေများတွင် အမှိုက်သရိုက်မျိုးစုံမြင်နေရသည်မှာ ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ကျောက်ပန်းတောင်းမြို့မှ ဘုရားဖူးလာရောက်သည့် ဆရာမ ဒေါ်ဝင်းလဲ့ရည်က ပြောကြားသည်။ 

မန္တလေးမြို့ အမရပူရမြို့နယ် တောင်သမန်အင်းရှိ ဦးပိန်တံတားသည် ကျွန်းတိုင်ပေါင်းများစွာဖြင့် တံတားတည်ဆောက်ထားရာ နှစ်ပေါင်း ၁၅၀ ကျော်နေပြီးဖြစ်ကြောင်း ပြည်ပ ခရီးသွားဧည့်သည်များ အင်းရေကျချိန်တွင် ကျွန်းတံတားအောက်ဘက်ဆင်းကာ အံ့သြဖွယ်ရာ တည်ဆောက် ထားသည့် ကျွန်းတိုင်လုံးကြီးများကို ဓာတ်ပုံရိုက်ကြသည်။

တံတားအနီးအညစ်အကြေးစွန့်ပစ်မှုများ၊ ပလတ်စတစ်အမှိုက်များ၊ တစ်ခါသုံးဘူးခွံများ၊ ဈေးသည်များ စွန့်ပစ်သည့် အမှိုက်သရိုက်များ ပြည်တွင်းပြည်ပ ခရီးသွားများ မြင်တွေ့ရသည်မှာ ရှေးဟောင်းပစ္စည်း၊ ရှေးဟောင်းအမွေအနှစ်တန်ဖိုးများ ကိုတန်ဖိုးမထားသလိုမြင်သွားစေနိုင်ကြောင်း ဂျာမနီ ဧည့်လမ်းညွှန်တစ်ဦးက ပြောကြားသည်။

ကိုထိန်(ငါ့သရောက်)