လဟယ် ၂၈   နိုဝင်ဘာ 

 

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့၌ ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၁၅ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည့် နာဂရိုးရာနှစ်သစ်ကူး ပွဲတော်တွင် ရိုးရာ အသုံးအဆောင် ပစ္စည်းများနှင့် ရိုးရာအဝတ်အထည်များ လာရောက်ရောင်းချမည့် လုပ်ငန်းရှင်များကို ပွဲတော်ကျင်းပရေး  ကော်မတီက ဆိုင်ခန်းများ အခွန်အခမဲ့ စနစ်ဖြင့် မဲဖောက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

စိတ်ပါဝင်စားသူများ အနေဖြင့် ဒီဇင်ဘာ ၁ ရက်မှ ၁၅ ရက်နေ့အတွင်း နာဂဒေသ ဦးစီးအဖွဲ့ရုံးသို့ လူကိုယ်တိုင်သော် လည်းကောင်း၊ ရုံးဖုန်းနံပါတ် ဝ၉- ၄၇၀၈၈၀ဝ၄ သို့ ဆက်သွယ်စာရင်း ပေး နိုင်ကြောင်းနှင့် ဆိုင်ခန်းများ မဲဖောက်ပေးခြင်းကို ဒီဇင်ဘာ ၁၆ ရက်နေ့တွင် နာဂကိုယ် ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ ဦးစီးအဖွဲ့ရုံးတွင် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေးဦးစီးကော်မတီထံမှ သိရသည်။

 

စနေမောင်(ခန္တီး)